ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်သွားမည်

နေပြည်တော် ၉ ဇူလိုင်

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂)၌ ဇူလိုင် (၁၁) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို ဇူလိုင် (၁၁)ရက် နံနက် (၉) နာရီ (၄၅) မိနစ်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား( MRTV )၊ MITV၊ mntv ၊ SKY Net Up to Date ၊ SKY Net တိုင်းရင်းသား၊ SKY Net Hluttaw ၊ မြဝတီ(MWD)၊ MWD(Variety)၊ မြန်မာ့အသံရေဒီယို အစီအစဉ်၊ MIR(Radio) နှင့် MOI Webportal Myanmar Facebook၊ MRTV Facebook ၊ Myanmar Digital News Facebook၊ President Office ၊ Myanmar State Counsellor Office နှင့် Information Committee Facebook တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)