နေပြည်တော်၊ အောက်တိုဘာ ၂၄
    
ရေသတ္တဝါများမွေးမြူရာတွင် နိုင်ငံတကာအစားအစာ ဘေးန္တရာယ် ကင်းရှင်းမှု စံချိန် စံညွှန်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် မွေးမြူရေးတောင်သူများကို  ကောင်မွန်သောမွေးမြူရေးကျင်စဉ် (GAqP)များကို  စနစ်တကျ နည်းပညာပေး ဆောင်ရွက်ကြစေလိုကြောင်း ယနေ့တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ရေးဆင်းငါးလုပ်ငန်းစခန်းသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။ 
    
ထို့နောက်  ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ပြည်ပို့ကုန် ငါးရှဉ့်မွေးမြူထားရှိမှု၊ ဖားမွေးမြူထားရှိမှုနှင့် အသားတိုး ငါးမြစ်ချင်းငါး မွေးမြူထားရှိမှု ကိုလည်းကောင်း၊ ဒေသ၊ ရာသီဥတု၊ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီ ဖြစ်ထွန်းသည့် ငါးမျိုးများ   ဖြန့်ဖြူးပေးနေမှု၊ သဘာဝနှင့် ဆည်တမံ များတွင်ငါးမျိုး မသုဉ်းစေ ရန်၊ ငါးထွက်နှုန်း တိုးတက်စေရေးဆောင်ရွက်ထားရှိမှု၊ ပြည်တွင်း ငါးစားသုံးမှုတိုးတက် စေရေးနှင့် မွေးမြူရေးငါးများ ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ငါးသားပေါက်များကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တာဝန်ရှိသူ အဆင့်ဆင့်တို့အနေဖြင့် သမားရိုးကျလုပ်ရိုးလုပ်စဉ်ကဲ့သို့ သဘောမထားပဲ မိမိဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေပြီး စျေးကွက် အလားအလားရှိသော စိုက်ပျိုးရေး မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး စီမံဆောင် ရွက်ပေးရန် လိုအပ်ကြောင်း၊ ဒေသနေပြည်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်း မြင့်မားရေးကို မျှော်မှန်းဆောင်ရွက်ရန် လိုအပ် ကြောင်း မှာကြားသည်။
    
ဆက်လက်၍ ပြည်ပပို့ကုန်  ဖားမွေးမြူထားရှိမှုကို လည်းကောင်း၊ ငါးရှဉ့်မွေးမြူထား ရှိမှုနှင့် အသားတိုး ငါးမြစ်ချင်းငါး မွေးမြူထားရှိမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ 

(သတင်းစဉ်)