နေပြည်တော်  ဩဂုတ်  ၇

 

ပြည်ထောင်စုနယ်မြေ  နေပြည် တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊  စိုက်ဧကတိုးချဲ့  စိုက်ပျိုးရေး၊  သီးထပ်တိုးချဲ့  စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့  နံနက်ပိုင်းက  နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့  နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ် လုပ်ငန်းရှင်များနှင့် သဘာဝ ဓာတ်မြေဩဇာထုတ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ  နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေက  နေပြည်တော် ကောင်စီနယ်မြေ အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင် များက  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းပေးပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် စားရေရိက္ခာဖူလုံရေးနှင့်  ဝမ်းစာပြည့်မီရေး အတွက်  ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရင်းအနှီးစိုက်စရိတ် များအား ထုတ်ချေးပေးလျက်ရှိ သကဲ့သို့ တောင်သူများလိုအပ်လျက်ရှိသော  သွင်းအားစုများ အရည် အသွေးပြည့်မီစွာနှင့် အချိန်မီ ရရှိ ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်သူများကို သွင်းအားစုများ ပေးအပ်ခဲ့ပြီး မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အသားကဏ္ဍ တိုးတက်လာစေ ရန်နှင့် အသားစားသုံးမှုဖူလုံစေရန် မွေးမြူလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အမှန်တကယ် တိုးတက် အောင်  မွေးမြူသွားရန်  လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ဧက တိုးချဲ့စိုက်ပျိုးရေး၊  သီးထပ်တိုးချဲ့  စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများက အလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားကာ  အစည်းအဝေးကို  ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်