နေပြည်တော် စက်တင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် နေထိုင်ကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း(၂၀၁၀)ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ လာရောက်စစ်ဆေးကြသည့် ဝန်ထမ်းများကို နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးကာ ရင်းရင်းနှီနှီး အားပေးစကားပြောကြားခဲ့ ကြောင်းသိရသည်။ 

သတင်းစဉ်