နေပြည်တော်  စက်တင်ဘာ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တန်ခိုးကြီး ဘုရားများအား ခရီးသွား ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရေးနှင့် အထင်ကရနေရာများတွင် စိတ်လက်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရေးအတွက် အဆိုပါနေရာများတွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာ လက်လုပ်တောင် တောရစေတီတော် ပုရဝုဏ်အတွင်းနှင့် ပျဉ်းမနားမြို့နယ် ဘောဂ သီရိရပ်ကွက် ပန်းမြိုင်လယ်ဥယျာဉ်အတွင်းရှိ ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်နေမှုတို့ကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဝင်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် တစ်ရပ်ဖြစ်သည့် ပြည်ထောင်စုနယ်မြေအား Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်ဖြစ်ပေါ်လာစေရေးဟူသည့် လမ်းညွှန်ချက်အတိုင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဂရုတစိုက် ဆောင်ရွက်သွားကြရန်နှင့် ပြည်သူအများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရေး ဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက် တွန်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှဘုရား ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်၌ ကျင်းပသည့် (၁၀)ကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲမင်္ဂလာ အခမ်းအနားသို့ တက် ရောက်ကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း သည် ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်အကြီးကဲ၏ လမ်းညွှန် မှာကြားချက်များအား ဌာနအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး စိုက်ပျိုးရေးကဏ္ဍ နှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးစားဆောင်ရွက်ရန်၊ ဒေသဝမ်းစာဖူလုံမှု အခြေအနေကို အနီးစပ်ဆုံးတွက်ချက် တင်ပြသွားရန်၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် ပူပေါင်းဆောင်ရွက်သွား ရန်၊ One Region One Product ဖြစ်လာစေရေး သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်း ရှင်များ ပေါ်ထွက်လာအောင် စည်းရုံးလက်တွဲခေါ်ယူသွားရန်၊ ကုန်ဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရေးနှင့် ဒေသခံတောင်သူများ ဈေးကွက်ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဆွေးနွေး ဆောင်ရွက်သွားရန်၊ အသစ်တိုးချဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဒေသအကျိုးပြုမှု အပေါ်မူတည်၍ စနစ်တကျ ကွင်းဆင်းစိစစ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြော ကြားကာ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အစည်းအဝေးအပြီးတွင် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ဆန်စက်လုပ်ငန်း ရှင်များအသင်းမှ အသက်သာဆုံးဈေးနှုန်းဖြင့် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၁၀) ပြည်နှုန်း ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်