ဇမ္ဗူသီရိ ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားလာသည့်အတွက် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ ပျဉ်းမနား-တောင်ညိုလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ကြား)၊ နေပြည်တော်ကောင်စီလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ကြား)၊ တော်ဝင်ရတနာလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ကြား)၊ ရာဇသင်္ဂဟလမ်း (ရေပန်းဥယျာဉ်ပေါက်ရှေ့)၊ နန်းချွန်လမ်းဆုံ၊ ဇမ္ဗူသီရိဆေးရုံလမ်း (ချိုင်းရွာလမ်းဆုံ)၊ တော်ဝင်ရတနာလမ်း (ရွှေကြာပင်မီးပွိုင့်)၊ ရာဇသင်္ဂဟလမ်း (ဂေါက်ကွင်းထိပ်)၊ ဉာဏအောင်မြေလမ်း (MICC-2)ရှေ့နှင့် နေပြည်တော်မြို့ပတ်လမ်း (V-4 လမ်းဆုံ)တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက အဖွဲ့ (၁၀) ဖွဲ့ခွဲကာ Stay at Home နှင့် စပ်လျဉ်းသည့် အမိန့်ကြေညာချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

အလားတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ နေရာ (၉) နေရာတွင်လည်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)