နေပြည်တော် ဧပြီ ၁၇

 

ပြည်သူများ ဘေးကင်းအန္တရာယ်အပေါင်း ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့မွန်းတည့် ၁၂ နာရီတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်ဝေဟင်၌ ရဟတ်ယဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် တော်မူကြသည်။

 

ဦးစွာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်ကြီး ၆ ပါးတို့က တပ်မတော် ရဟတ်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဝေဟင်၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ကြသည်။

 

ရဟတ်ယာဉ်ဖြင့်  အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော်ကြီး များ၏ ကပ္ပိယကာရကအဖြစ် လိုက်ပါ၍ ပရိတ်ရေများ ပက်ဖျန်းကုသိုလ်ယူ  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်