နေပြည်တော် ဇွန် ၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည် ထောင်စုနယ်မြေ (နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှ စ၍ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးလျက်ရှိပြီး ဇွန် ၂ ရက်တွင် ၆၃ ရက်မြောက် အဖြစ် ဈေးကားများဖြင့် လှည့် လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ဇွန် ၂ ရက်တွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည် ပါ(မနောသုခ- Export Quality) ၃၄ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံ ပေါ်ဆန်း) ၁၆ အိတ်၊ ဆီ ၇၂၅ ပိဿာ၊ ဆား ၈ ပိဿာ ၂၅ ကျပ် သား၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၂၈ ထုပ်၊ ငါးပိ ၁ ပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၁၃ ထုပ်၊ ငါးပုတ်သင် ၁ဝ ကျပ်သားပါ ၁၅ ထုပ်၊ ငါးနီတူ ခြောက် ၁၀ ကျပ်သားပါ ၁၂ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၈ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ကြက်ဥ အလုံး ၂၀၀၊ ဘဲဥအလုံး ၅၀၊ ခေါက်ဆွဲခြောက် ကိုးထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။

 

အလားတူ ဇွန် ၂ ရက်တွင် မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀၊ ဆား ၂ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ် သားပါ လေးထုပ်၊ ငါးပိ ၅၀ ကျပ် သား၊ ငါးနီတူခြောက် ၁၀ ကျပ် သား နှစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား ငါးထုပ်၊ ကြက်ဥအလုံး ၂၆၀၀၊ ဘဲဥအလုံး ၆၈၀ နှင့် ခေါက်ဆွဲခြောက် ၅၅ ထုပ်တို့ကို သက်သာသော ဈေးနှုန်းများ ဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်