နေပြည်တော် ၂၃ မတ်

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ Video Conferencing System အသုံးပြု၍ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။

 

ယင်း Video Conferencing System ဖြင့် ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်းနှင့် ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှု အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်