ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၁၈ ခုနှစ် တတိယ(၃)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၁၈)ကို ယနေ့နံနက်(၁၀) နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း တက်ရောက်အမှာစကား ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ တတိယ(၃)လပတ် လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ နိဂုံးချုပ် ဖြည့်စွက်အမှာစကား ပြောကြားသည်။
 
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်းနှင့် ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီး ဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ကြသည်။ 
 
(သတင်းစဉ်)