နေပြည်တော် ၁၆ ဒီဇင်ဘာ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၁၉ ခုနှစ်၊ စတုတ္ထ(၃)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ စတုတ္ထ(၃)လပတ် လုပ်ငန်းဆောင်ရွက်နိူင်မှု အခြေအနေများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်းနှင့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)