နေပြည်တော် ၇ ဒီဇင်ဘာ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၁၉)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၉)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူး ၃၀၁ နေရာအတွက် ပဏာမစစ်ဆေးခြင်း (Screening Test)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

 

5

 

အဆိုပါ ဝင်ပေါက်ရာထူးများအတွက် ပဏာမစစ်ဆေးခြင်း ကျင်းပဖြေဆိုမှုများအနက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းသည် ရန်ကုန်မြို့ရှိ အ.ထ.က(၁)လသာ၌ အင်္ဂလိပ်စာနှင့် သုတရေးရာဘာသာရပ်များ ဖြေဆိုနေမှုကိုကြည့်ရှုပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကားပြောကြားသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့်အရာထမ်းများကို ရွေးချယ်ပေးရာတွင် လူမှန်၊ နေရာမှန် (Right Person, Right Place) ဖြစ်ရေးအတွက် ယခင်က အသုံးပြုလျက်ရှိသော စာမေးပွဲစနစ်အစား ပဏာမစစ်ဆေးခြင်း (Screening Test)ကို ပထမအဆင့်၊ ပထမအဆင့် အောင်မြင်သူများကို Intermediate Level မှ Upper Intermediate Level အဆင့်သို့ မြှင့်တင်စစ်ဆေးမည့် ရေးဖြေစာမေးပွဲကို ဒုတိယအဆင့်၊ ဒုတိယအဆင့်အောင်မြင်သူများကို စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကို တတိယအဆင့်အနေဖြင့်စစ်ဆေး၍ ရာထူးရွေးချယ်ရေးလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသည့် ပဏာမစစ်ဆေးခြင်း (Screening Test)သည် ပဥ္စမအကြိမ် ကျင်းပခြင်းဖြစ်သည်။

 

2

 

သတင်းစဉ်