နေပြည်တော် ဒီဇင်ဘာ ၈

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ ဥက္ကဌရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဝန်ထမ်းရေးရာ ဦးစီးဌာနတို့၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ မိတ်ဆုံနေ့လယ်စာ စားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါရုံး စုပေါင်း ခန်းမ၌ ကျင်းပသည်။

 

နေ့လယ်စာစားပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က မိတ်ဆုံစားပွဲ ကျင်းပခြင်းဖြင့် ဝန်ထမ်းအချင်းချင်း ပိုမိုစည်းလုံး ချစ်ခင်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ဝန်ထမ်းများ၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်များနှင့် ပတ်သက်၍ အဓိကဝန်ဆောင်မှု ပေးနေရသည့် ဌာနဖြစ်သည့်အတွက် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။

 

နေ့လယ်စာသုံးဆောင်နေစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဥက္ကဋ္ဌရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဌာနခွဲများအလိုက် အမှတ်တရ ကံစမ်းမဲ ဖေါက်ပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်