နေပြည်တော် အောက်တိုဘာ  ၃၁   

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian-Myanmar Business Council- RMBC)ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက်လက်ဆောင် ရွက်သွားမည့် ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ များ ပေးအပ်ရန်နှင့် အနာဂါတ်တွင် ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာကောင်းများ နှင့်ပတ်သက်၍ အပြန်အလှန် အကူအညီပေးရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ရုရှားကိုယ်စားလှယ်အဖွဲ့က ရာဂီမုန်တိုင်း တိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာသို့ ဆက်သွယ်လှူဒါန်းပေးရန် အမေရိကန် ဒေါ်လာ ၅၀၀၀ ကို လှူဒါန်းခဲ့သည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)