နေပြည်တော်  ၁၇ ဒီဇင်ဘာ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

img0741

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကော်မရှင်ဝန်ထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ပြန်လည်ပြင်ဆင်ရေးဆွဲပြီးစီးမှု၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ်နှင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ရဲဝန်ထမ်းကျင့်ဝတ်များ ရေးဆွဲဆောင်ရွက်နေမှု၊ ရွေးကောက် ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်မည့် အစီအစဉ်နှင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် IT နည်းပညာ အသုံးပြုနိုင်ရေး အကြံပြုချက်များကို ဆွေးနွေးကြသည်။

 (သတင်းစဉ်)