နေပြည်တော် ၁၇ အောက်တိုဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆွန်ဟွာကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

a

 

တွေ့ဆုံစဉ်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရန်ဆောင်ရွက်နေမှု၊ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများနှင့် တိုက်ပွဲရှောင်မဲဆန္ဒရှင်များ၊ နိုင်ငံပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး ဆောင်ရွက်နေမှု၊ ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များကို ဖိတ်ကြားထားမှု၊ ICT နည်းပညာအသုံးပြုမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထု အသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲတွင် Social Media  အသုံးပြု၍ အမုန်းစကားများ၊ သတင်းအမှားနှင့် သတင်းအတုများ ဖြန့်ဝေမှုမရှိရေးကာကွယ်နိုင်မည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

သတင်းစဉ်