နေပြည်တော် ၁၁ မတ်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Mr. Francois Lafreniere ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

0199822809

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေ၊ တိုက်ပွဲရှောင် မဲဆန္ဒရှင်များနှင့် ရွှေ့ပြောင်းလုပ်သားမဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ Social Media ပေါ်မှ အမုန်းစကားများ၊ သတင်းအမှားများကို ကာကွယ်တားဆီးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်