နေပြည်တော် ၂၉ ဇန်နဝါရီ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

mdn

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည့် စံပြရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ အခြေခံမဲဆန္ဒရှင်စာရင်းများ စိစစ်ပြင်ဆင်နေမှုနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိစေရေး စီစဉ်ဆောင်ရွက်နေမှု၊ အမျိုးသမီးများ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်လာနိုင်စေရေး ဆောင်ရွက်နေမှု၊ လူမှုကွန်ရက်ပေါ်တွင် အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ဝေခြင်းတို့ကို ကာကွယ်တားဆီးရေးနှင့် သတင်းအမှန်ထုတ်ပြန်သည့် အစီအစဉ်များ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမအကြိမ်မဲပေးမည့် လူငယ်များအတွက် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်