နေပြည်တော်   ၂၈ အောက်တိုဘာ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Mrs. Hilde Solbakke နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲဆွယ်စည်းရုံးရေးကာလနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များတွင် စံလုပ်ငန်းလမ်းညွှန်များ (Standard Operating Procedure-SOP) နှင့်အညီဖြစ်စေရေး   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပြည်တွင်းရှိ ကြိုတင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအတွက် ပြင်ဆင်ဆောင်ရွက်မှု၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ Facebook စာမျက်နှာမှတစ်ဆင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု၊ လူမှုကွန်ရက်ပေါ်တွင် ရွေးကောက်ပွဲဆိုင်ရာ အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ဝေခြင်းတို့ကို ကာကွယ်တားဆီးရေးအတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ Facebook Myanmar Team တို့နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်