နေပြည်တော် ၂၁ ဒီဇင်ဘာ

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီ မိနစ် ၂၀ တွင် နေပြည်တော်မြို့မဈေးရှေ့ရှိ စုရပ်တွင်ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။

 

စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဝန်ကြီးဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများက ပါဝင်ဆင်နွှဲကြသည်။

 

mdn

 

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မဈေးရှေ့မှ စတင်တာထွက်ပြီး ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှတစ်ဆင့် မဏိရတနာကျောက်စိမ်းခန်းမရှေ့သို့ ပန်းဝင်ကြရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြသည်။

 

mdn

 

ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁)၊ (၂) နှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ကြသည်။

 

သတင်းစဉ်

 

mdn