မကွေး     ၇  နိုဝင်ဘာ   

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်  (မကွေးတိုင်းဒေသကြီးတာဝန်ခံ)သည် ယနေ့ နံနက် ၁၀ နာရီခွဲက  မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့်အတူ မကွေးမြို့နယ်အတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဦးလှတင့် (မကွေးတိုင်းဒေသကြီးတာဝန်ခံ) သည် မဲရုံတစ်ရုံချင်းအလိုက် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံသုံးပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံ ပရဝုဏ်အား ကိုဗစ်-၁၉ နှင့်အညီ လိုအပ်သည့်အကျယ်အဝန်း သတ်မှတ်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်တင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊  ဦးလှတင့် (မကွေးတိုင်းဒေသကြီးတာဝန်ခံ)က ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးနှင့် မဲရုံလုံခြုံရေးအား အလေးထား ဆောင်ရွက်သွားကြစေရေးတို့ကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)