နေပြည်တော် စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဌာန၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံမှရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
ခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုဖြင့် ကျေးလက်ဒေသ ဆင်းရဲ မွဲတေမှုပပျောက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖော်ဆောင် အကောင်အထည်ဖော်မှု၊ တိဘက်ကုန်းမြင့်ဒေသရှိ ချင်းဟိုင်ပြည်နယ်အား သန့်ရှင်းသောဒေသဖြစ်ရန် ဆောင်ရွက်မှု၊ ကာဗွန်လျော့ချမှု၊ လျှပ်စစ်စွမ်းအင်သစ်တည်ဆောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု၊ တရုတ်ပုံစံခေတ်မီမူဝါဒများချမှတ်၍ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်