နေပြည်တော် ဒီဇင်ဘာ ၁၇

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမြင့်ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ပါက ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များပါ လိုအပ်သော အချက်အလက်များကို ရှင်းလင်းတင်ပြခြင်းနှင့် လိုအပ်ချက်များကို အကြံပြုတင်ပြခြင်းများ ဆောင်ရွက်သည်။

ယင်းနောက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအတွင်းရေးမှူးက ရှမ်းပြည်နယ်တစ်ခုလုံး၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပဉ္စမအကြိမ် မြေပြင်လူဦးရေစာရင်း စိစစ်ထားရှိမှု၊ ဝန်ထမ်းခန့်အပ်ထားရှိမှု၊ ရုံးအဆောက်အဦများအခြေအနေ၊ ပြည်နယ်/ ပြည်နယ်ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်နှင့် မြို့နယ်များမှ မဲရုံလျာထားမှုနှင့် CVLMS သို့ စာရင်းတင်သွင်းထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ ပြည်နယ်ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ အတွင်းရေးမှူးများနှင့် ဆက်လက်တွေ့ဆုံပြီး တင်ပြသည့် လိုအပ်ချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်