နေပြည်တော် ၂၃ နိုဝင်ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သတင်းထုတ် ပြန်ရေးအဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် (၆၄/၂၀၁၉) ဖြင့် နိုဝင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သတင်းများကို နိုဝင်ဘာ ၂၇ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ သတင်းထုတ်ပြန်ပေးမည်ဖြစ်သည်။

သတင်းရယူလိုသော မီဒီယာများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဖုန်းနံပါတ်-၀၆၇- ၄၀၄၄၀၇ နှင့် ၀၆၇- ၄၀၄၃၁၃ သို့ ကြိုတင် ဆက်သွယ်တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်