တောင်တွင်းကြီး ၅ ဩဂုတ်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များထံသို့ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကျော်သာက ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာထားခြင်းအား ကြီးကြပ်စစ်ဆေးမှု အခြေအနေများ၊ နယ်လှည့်ကွင်းဆင်းသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တင်ဇာအောင်က ဥပဒေ၊ နည်းဥပဒေစာအုပ်များ ဖြန့်ဝေပေးမှုအား ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကျော်သာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များအား တက်ရောက်လာသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များထံသို့ပေးအပ်ရာ အဖွဲ့၀င်များကိုယ်စား မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနဦးစီးအရာရှိ ဦး၀င်းသိန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)