နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဇေယျဌာနီ - ၂ လမ်း သွယ် လက်ယာဘက် သတ်မှတ်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှု ထမ်းများ တက်ရောက်စိုက်ပျိုးကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ်နေရာများ၌ ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၃၀၀ ကို စိုက်ပျိုးခဲ့ကြပြီး ယခင်နှစ် စိုက်ပျိုးခဲ့သည့် ကျွန်းပင် ၂၃၀ မှာလည်း ရှင်သန်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


