နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများအား မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၌  ကျင်းပပြုလုပ်ရာ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များသွားရောက်ကြည့်ရှုကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။
  
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က  MEVM မဲပေးစက် အသုံးပြု ဆောင်ရွက်ရခြင်း၏ အားသာချက်များ၊ အကျိုးကျေးဇူးများနှင့် မြန်မာပညာရှင်များ တီထွင် ထုတ်လုပ်ထားသော MEVM စက်၏ အဆင့်မီ ဆောင်ရွက်နိုင်မှုများနှင့် ဆောင်ရွက်ရန်ရှိသည်များကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊ သန္နေအရာရှိ ကြီးများနှင့် သင်တန်းသားအရာရှိကြီးများတက်ရောက်ခဲ့ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်