နေပြည်တော် ဒီဇင်ဘာ ၃

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့ကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟို ရွေးကောက် ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက် နေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြား သည်။

 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဒူးမားလွှတ်တော်ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)