နေပြည်တော်  ၁၇  အောက်တိုဘာ 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကိုရီးယားသမ္မတနိုင်ငံရွေးကောက်ပွဲ ကော် မရှင်အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ ရွေးကောက်ပွဲများ လေ့လာနိုင်ရေးဆောင်ရွက်ပေးမှု၊ ကိုရီးယားနိုင်ငံအခြေစိုက် Association of World Election Bodies (A-WEB) အဖွဲ့အနေဖြင့် ရွေးကောက် ပွဲလုပ်ငန်းစဉ်များတွင် ICT စနစ်သုံးစွဲခြင်း အခြေခံသည့် ရွေးကောက်ပွဲစီမံခန့်ခွဲမှုသင်တန်းများ ကူညီ ပံ့ပိုးနေမှု၊ မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာစောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားရာ သံအမတ်ကြီးက ကိုရီးယားသမ္မတနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် A-WEB  အဖွဲ့တို့ပူးပေါင်း၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဆက်လက် ပံ့ပိုးကူညီနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။

 

၎င်းနောက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ 

 

(သတင်းစဉ်)