နေပြည်တော် ၂၉ အောက်တိုဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ်Ms. Sun Haiyan နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီကျင်းပနိုင်ရန် (၂၀၁၉−၂၀၂၂) မဟာဗျူဟာစီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်း/ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖိတ်ကြားသွားမည့်အခြေအနေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဆောင်ရွက်နေမှု၊ ပြည်သူလူထု အသိပညာပေးခြင်း (Civic Education) နှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း (Voter Education) လုပ်ငန်းများဆောင်ရွက်နေမှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုင်းရင်းသားဘာသာ စကားများဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနိုင်ရေးဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲတွင် Social Media အသုံးပြု၍ အမုန်းစကားများ၊ သတင်းအမှားများဖြန့်ဝေမှု မရှိစေရေးအတွက် ကာကွယ်မည့်အစီအစဉ်များ ဆောင်ရွက်ထားရှိမှု၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

( သတင်းစဉ် )

 

IMG_9400