နေပြည်တော် ၅ စက်တင်ဘာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် International Bridges to Justice (IBJ)မှ ဒါရိုက်တာ Mr. Martine ReikWitteveen နှင့် အဖွဲ့အား ယနေ့နံနက်၁၀နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု လက်လှမ်းမီရေးနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးကိစ္စ၊ တရားလို၊ တရားခံများအပေါ် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးဆိုင်ရာ ကိစ္စ၊ တရားမစွဲတင်မီ အဆင့်တွင် တရားခံမှ ဥပဒေဆိုင်ရာအထောက်အကူ ရရှိရေးကိစ္စ၊ တရား ဥပဒေစိုးမိုးရေးစင်တာနှင့် တရားမျှတမှုစင်တာများ၏ ဥပဒေအသိပညာ ပြန့်ပွားရေးနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IBJ တို့အကြား ပူးပေါင်း ဆောင်ရွက်မှု များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


