နေပြည်တော် ၂ နိုဝင်ဘာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဒိန်းမတ်ပါလီမန် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ Mr. Henrik Thorup Gamst နှင့်အဖွဲ့အား အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းများ၊ တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ၊ ဥပဒေ အထောက်အကူ ပေးရေးဆိုင်ရာများ၊ ဒိန်းမတ်နိုင်ငံသံရုံးနှင့် လက်မှတ်ရေးထိုးခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


