နေပြည်တော် ၂၅ မတ်

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများ၊ တရားဥပဒေ စိုးမိုးမှုတိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကားမပြန့်ပွားရေးတို့နှင့် သက်ဆိုင်သည့် ဥပဒေမူဘောင်များ၊ မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)