နေပြည်တော် ၂၀ ဇန်နဝါရီ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကူဝိတ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ သံမှူး Mr. Adel M F A AI Adgham နှင့် အဖွဲ့အား ယနေ့နံနက် ၁၀နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကူဝိတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားချစ်ကြည်ရင်းနှီးမှု တိုးတက် ခိုင်မာရေးအတွက် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှု အပြန်အလှန် မြှင့်တင်ရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀ဝ၈ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွား ကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဥပဒေရေးရာ ကဏ္ဍများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်