နေပြည်တော်  ၁၁  ဒီဇင်ဘာ

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီ တွင် တောင်ကြီးခရိုင်ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနား သို့လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီ တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့ လည်းကောင်း၊ ယမန်နေ့ ၁၀ နာရီတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဥပဒေ ရုံးသစ် ဖွင့်ပွဲအခမ်း အနားသို့လည်းကောင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားများတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်  ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်