နေပြည်တော် ၆ ဒီဇင်ဘာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် UNDP မှ Resident Representative , Mr. Gordon Johnson နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် UNDP အကူအညီဖြင့်ရေးဆွဲခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပထမအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်ကိစ္စ၊ USAID (PRLM) ၏အကူအညီဖြင့် ရေးဆွဲခဲ့သည့် ဒုတိယအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) တွင် ချမှတ်ထားသော ပန်းတိုင် ၅ ရပ် အကောင် ထည်ဖော်မှုအပေါ် UNDP မှ ဆက်လက်ပံ့ပိုးနိုင်မည့် ကိစ္စ၊ UNDP နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ အောင်မြင်မှု၊ တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းများအပေါ် UNDP မှ ပံ့ပိုးကူညီပေးနေသည့် ကိစ္စနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ နည်းပညာ အကူအညီများ ဆက်လက်ပံ့ပိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)