နေပြည်တော်  ၁၁  နိုဝင်ဘာ

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP မှ Resident Representative , Mr. Titon Mitra အား  Virtual Meeting ဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲတွင် လက်ခံတွေ့ဆုံ သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအလွန်ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် UNDP အနေဖြင့် ပံ့ပိုးနိုင်မည့် ကိစ္စရပ်များ၊ UNDP ၏ အကူအညီဖြင့် ထုတ်ဝေခဲ့သည့် ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်နှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပို့ချဆွေးနွေးနိုင်ရေး ကိစ္စရပ်များ၊ အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစဉ်တွင် UNDP မှ အသိပညာနှင့် နည်းပညာများ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများ၏ အင်္ဂလိပ်သာသာစကား စွမ်းရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်