နေပြည်တော် ၂၈ စက်တင်ဘာ

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမှုထမ်း အရာထမ်းများက နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ဝင်ရောက်နေသူများအတွက် ထမင်းဘူးနှင့် ရေသန့်များကို ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်း၊ အမှုထမ်းများက နေပြည်တော်စည်ပင် ဧည့်ရိပ်သာ (၁) နှင့် (၂) တို့တွင် Quarantine ဝင်ရောက်နေသူများအတွက် နေ့လယ်စာ ထမင်းဘူး ၅၅၀ နှင့် သောက်ရေသန့်များကို လှူဒါန်းပေးအပ်ရာ Quarantine Centre အုပ်ချုပ်သူ အရာရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသီဟသန်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ခံ ဦးပြည့်စုံဦးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်