နေပြည်တော်  ၁၇  ဇန်နဝါရီ

 

ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စဖို့ဒ်ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် အဂ္ဂမဟာသန္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရပါမောက္ခ ဒေါက်တာ ဓမ္မသာမိ (Doctor of Philosophy -Oxford)က “သတိပဌာန်ရှုဒေါင့်မှ ဥပဒေနှင့် စိတ်ခံစားမှုကိုသုံးသပ်ခြင်း” (Mindfulness, Law and Emotion)  တရားပို့ချ ဆွေးနွေးပွဲကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၌ ဇန်န၀ါရီ ၁၆ ရက် နံနက် ၉ နာရီက  ပြုလုပ်ခဲ့သည်။

 

တရားပို့ချဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တရားချစ်ခင်မြတ်နိုးသူများတက်ရောက်၍ ရိုသေစွာလေ့လာနာယူကြည်ညို ကြပြီး သိရှိလိုသည်များကိုမေးမြန်းလျှောက်ထားကြရာအောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ က ပြန်လည်ရှင်းလင်း မိန့်ကြားသည်။ 

 

ထို့နောက် ဆရာတော်ထံပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဇနီး၊ တရားနာကြွရောက်လာ ကြသူများက အလှူငွေများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းများကိုဆပ်ကပ် လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ဆရာတော်ထံမှ သာဓုအနုမောဒနာတရားနာယူကြပြီးလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

(သတင်းစဉ်)