နေပြည်တော် ၂၆  စက်တင်ဘာ 

           

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Landesa အဖွဲ့မှ Country Director ဖြစ်သူ Dr. Mark West နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

           

ထိုသို့တွေ့ဆုံရာတွင်  ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊  တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် သဟဇာတ ဖြစ်စေရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊  အမျိုးသားမြေ ဥပဒေရေးဆွဲရေးနှင့် မြေစီမံခန့်ခွဲမှုစနစ် တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ မြေယာဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် Landesa အဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား  ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသားမြေ ဥပဒေရေးဆွဲရာတွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေးနှင့် အများပြည်သူ၏ အကြံပြုချက်များ ရယူနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

           

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ဟန် နှင့် ဒေါ်မိသန္တာမြင့်တို့  တက်ရောက်ခဲ့ကြသည်။

                                                                                                                             

သတင်းစဉ်