နေပြည်တော်  ၈  ဖေဖော်ဝါရီ

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ ပြည်တွင်းပြည်ပ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ ၎င်းတို့၏ ဇနီး/ခင်ပွန်းများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးရှိ သဘာဝအလှအပများ၊ ယဉ်ကျေးမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို သိရှိနိုင်စေရန်အတွက် ထားဝယ်မြို့နှင့် မြိတ်ကျွန်းစု ဝန်းကျင်ဒေသများသို့ ဖေဖော်ဝါရီ ၈ ရက်မှ ၁၀ ရက်အထိ သံတမန်များ၏ ပြည်တွင်းလေ့လာရေးခရီး သွားရောက်ကြသည်။

 

အဆိုပါ သံတမန်လေ့လာရေးအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ သွားရောက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများက ထားဝယ်လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

 

သံတမန်လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်ကိုလည်းကောင်း၊ မောင်းမကန်ကမ်းခြေနှင့် ကမ်းခြေအနီးရှိ,ပတ်ဝန်းကျင်ကျေးရွာများကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြသည်။ ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေကြီး ဝန်ကြီးချုပ်က သံတမန်လေ့လာရေးအဖွဲ့အား ထားဝယ်ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

သတင်းစဉ်