နေပြည်တော်  ၁၂  အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက မဟာပညာရေးဘွဲ့ (၂)နှစ်သင်တန်း အမှတ်စဉ်(၁၆)နှင့် ပညာရေးဘွဲ့(၅)နှစ် သင်တန်း အမှတ်စဉ်(၂)တို့၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကိုကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊  ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊  ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ်  ပါမောက္ခချုပ် ဦးမြဝင်း၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး တိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်လာစေရေးအတွက် ကောင်းမြတ်သည့် ရည်ရွယ်ချက်များနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ဖွံ့ဖြိုးရေးတက္ကသိုလ်၏ သက်တမ်းတစ်လျှောက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့သင်တန်း ဆင်းမောင်မယ်များအပါအဝင် မဟာပညာရေးဘွဲ့ (၁၀၆)ဦး၊ မဟာဒဿနဘွဲ့(၃၅) ဦး၊ ပညာ ရေးဘွဲ့ (၃၈၄၂)ဦး၊ ဆရာအတတ် ပညာ ဒီပလိုမာ(၇၄၂)ဦး၊ အလယ်တန်း ဆရာ အတတ်သင် (၉၅၆) ဦး၊ မူလတန်းဆရာအတတ်သင်(၇၁၆၂)ဦး၊ အထူး မူလတန်း ဆရာအတတ်သင်(၄၆၁)ဦး စုစုပေါင်း(၁၃၃၀၄)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည် ရွယ်၍ ဖွင့်လှစ်ထားသည့် တက္ကသိုလ်တွင် တိုင်းရင်းသားမျိုးနွယ်ပေါင်း (၁၀၀) တက် ရောက်သင်တန်းဆင်းခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုလက်ရှိ တက္ကသိုလ်တွင် တိုင်းရင်း သားမျိုးနွယ်စု(၈၂)မျိုး တက်ရောက်လျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၅၀) ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်း သူများမှာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးကြမည့် လူ့စွမ်းအား အရင်း အမြစ်များအဖြစ်မျှော်မှန်းပြီး နိုင်ငံတော်က လေ့ကျင့်ပြုစုပျိုးထောင်ပေး နေခြင်းဖြစ်ပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀)ကို ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံ မှုရှိခြင်းစသည့် အခြေခံမူများအပေါ် တည်ဆောက်ထားသည့် လုပ်ရည်ကိုင်ရည်နှင့် ယုံကြည် ချက်ခိုင်မာမှုရှိသည့် ပြည်သူ့ဝန်ထမ်းများသည် ကောင်းမွန်သော ဒီမိုကရေစီ ကျင့်စဉ် ၏  ကျောရိုးမဏ္ဍိုင် ဖြစ်ပါကြောင်း။

 

ပြည်သူများအတွက် အစိုးရကို ကိုယ်စားပြုနေသည့်  နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့မှာ နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုများ တိုးပွားလာစေရေးအတွက်  အလွန်အရေးကြီးသည့် အချက် ဖြစ်ပါကြောင်း။ 

ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းတစ်ဦးချင်း၏ ရပိုင်ခွင့်များကို သိရှိရန် လိုအပ်သကဲ့သို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့်ကျင့်ဝတ်၊ စောင့်ထိန်းရမည့်  စည်းကမ်းများကိုလည်း   တိတိကျကျ လိုက်နာသွားရန်လိုအပ် မည် ဖြစ်ပါကြောင်း။

 

လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနအသီးသီးမှာရှိသည့် နိုင်ငံ့ဝန်ထမ်းများကို “အရည်အချင်း အလိုက်ချီးမြှင့်မြှောက်စားမှုအခြေခံမူ”ကို ကျင့်သုံးနေသည့်အတွက် မိမိတို့၏ အောင်မြင်တိုးတက်မှုမှာ မိမိတို့၏ ကြိုးစားအားထုတ်မှု၊ လုပ်ငန်း စွမ်းဆောင် ရည်၊ ရိုးဖြောင့်မှုနှင့် ကျွမ်းကျင်မှုတို့အပေါ်တွင် မူတည်နေပါကြောင်း။

 

ထို့ကြောင့် မိမိတို့၏ အောင်မြင်တိုးတက်မှုအတွက် ရိုးသားကြိုးစားပြီး လုပ်ငန်း စွမ်းဆောင်ရည်အပြည့်ဖြင့် မြင့်မားသောစိတ်ဓါတ်၊ မှန်ကန်သောခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး နိုင်ငံတော်၏ တာဝန်များကို စွမ်းစွမ်း တမံထမ်းရွက်သွားကြပါဟု မှာကြားလိုပါကြောင်း။

 

မိမိတို့အနေဖြင့် ကျောင်းဆင်းပြီး၍ ကျရာဒေသများတွင် ပညာရေး ဝန်ထမ်းအဖြစ် ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ကြသည့်အခါ ပညာရေးတာဝန် အပြင် တိုင်းပြည်၏ အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းတည်ငြိမ်ရေး ရရှိသည် အထိ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍတိုးတက် မြင့် မားစေရန် မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာ ထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊  တာဝန်ယူမှုများနှင့်  အကောင်းဆုံးဖြစ်ရန် ထမ်းဆောင်ကြပါဟု တိုက်တွန်းမှာကြားသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က စံပြထူးချွန်ဆုရရှိသူများနှင့် ထူးချွန် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဆရာကြီး ဒေါက်တာ သန်းဦးက ပညာထူးချွန်ဆုရရှိသူကို ရွှေတံဆိပ်ဆု ပေးအပ်ချီးမြှင့်သည်။   

 

ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များက ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ် (၂)တွင် တက် ရောက် အောင်မြင်ခဲ့သူ (၁၆၅) ဦးတို့အား အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ စံပြထူးချွန် ဆုနှင့် ထူးချွန်ဆု ရရှိသူအား အားပေးစကားပြောကြားသည်။

 

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည် တော်များ သည်  သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။  ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း သင်တန်း သား၊ သင်တန်းသူများအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံသည်။

 

 ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်တွင် ယနေ့ကျင်းပသော မဟာပညာရေးဘွဲ့ (၂)နှစ်သင်တန်း အမှတ်စဉ်(၁၆)နှင့် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ၌ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တိုင်းရင်းသား လူငယ်( ၁၇၆ )ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)