နေပြည်တော်၊ အောက်တိုဘာ ၂၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့၊ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ  လေဆိပ်များနှင့် လုမ္ဗနီ အပြည်ပြည်ဆိုင်ရာလေဆိပ်အကြား တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ခရီးသွားလုပ်ငန်း တိုးတက်မှုကိုအခြေခံ၍ လုမ္ဗနီ-ဂါယာ- ရန်ကုန်/မန္တလေး/ နေပြည်တော် လေကြောင်းခရီးစဉ် များ တိုးချဲ့ပျံသန်းရေး၊ လေကြောင်းသဘောတူစာချုပ်အသစ်တစ်ရပ် ချုပ်ဆိုရေး၊ ဒေသထွက် ကုန်များ အပြန်အလှန်တင်ပို့နိုင်ရေးနှင့် နီပေါနိုင်ငံတွင်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)