နေပြည်တော်  ဇူလိုင် ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တဲဟုန် ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီ ဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တဲဟုန်ပြည်နယ် မြို့တော်မန်စီနှင့် မန္တလေးခရီးစဉ်ကို Ruili Airline က တစ်ပတ် (၄)ကြိမ် ပြေးဆွဲမှု၊  မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်-မန္တလေး- မန်စီ- မန္တလေး- ရန်ကုန် ခရီးစဉ်ကို တစ်ပတ် (၃)ကြိမ် ပြေးဆွဲမှုများအပြင် အလားအလာရှိသောမြို့များသို့ ခရီးသည်နှင့် ကုန်တင်လေယာဉ်များ ပိုမိုတိုးချဲ့ ပြေးဆွဲရေး၊ တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက် ပြီးစီးမည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက် ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးရေးနှင့် တရုတ်နိုင်ငံ ထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်း ပို့ဆောင်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ တရုတ်နိုင်ငံ ဘက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)