နေပြည်တော် ၊ ၁၀ ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်အား ယနေ့မွန်းလွဲ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင်သစ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းများကိစ္စ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်တို့ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


