ကျောက်ပန်းတောင်း ၅ ဇန်နဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ ညနေ(၄)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာသို့ သွားရောက်၍ တံခါးကြီးကျေးရွာ စက်ရေတွင်း တူးဖော် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများအား မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက စက်ရေတွင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယာယီမဏ္ဍပ်တွင် ဒေသခံပြည်သူများနှင့်ရင်းနှီးစွာတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကိုမေးမြန်းပြီး၊ စက်ရေ တွင်းတူးဖော်ပြီးစီးနေပြီဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ လုပ်ငန်းခွင်မပျက် သောက်သုံးရေအလွယ်တကူ ရယူသုံးစွဲနိုင်စေရန်အတွက်၊ အိမ်တိုင်ရာရောက် ရေသွယ်ယူရေးစနစ်ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသက်(၈၀)နှစ်နှင့်အထက် အဘိုး(၈)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်တစ်သောင်းစီ ချီးမြှင့်ပေးအပ်ပြီး၊ ညောင်ဦးမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

 

a

 

အဆိုပါ တငါ့ကန်ကျေးရွာအုပ်စု၊ တံခါကြီးကျေးရွာစက်ရေတွင်းမှာ အနက်ပေ ၉၀ဝ၊ အကျယ် ၄ လက်မရှိ စက် ရေတွင်းဖြစ်ပြီး ရေထွက်နှုန်းမှာတစ်နာရီလျှင် ဂါလံ ၁၈၀ဝ ဖြစ်ကြောင်း သိရသည်။ အမြင့်ရေတင်စင်နှင့်7.5HP Submersible pump နှင့် 10KW ပါဝါမီတာ တပ်ဆင်ခြင်းများအပါအဝင် ငွေကျပ် ၂၉.၆၉ သန်းဖြင့် တူးဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ(၂၀၇)အိမ်မှ လူဦးရေ ၁၀၁၂ ဉီးအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)