နေပြည်တော် ၂၉ အောက်တိုဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (ဗဟိုအဖွဲ့ချုပ်)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ နော်ကဖောထူး၊ တွဲဖက်အတွင်းရေးမှူး ဦးစောကျော်ညွှန့် နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့က ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  စိုက်ပျိုးရေး၊ မေွးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ကျေးလက်မီးလင်းရေး အပါအဝင် ဒေသအခြေအနေအပေါ် မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ကိစ္စရပ်များ၊ လတ်တလောလိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးရေးနှင့် ရေရှည်တွင် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဒေသအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)