နေပြည်တော် ၁၃  ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး မစ္စတာ ရိုနယ်ဘီလာနှင့် အဖွဲ့အား ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အစ္စရေးနိုင်ငံ၏ အထောက်အပံ့ဖြင့် ဟင်းသီးဟင်းရွက် သရုပ်ပြစိုက်ခင်းတည်ထောင်၍ သင်ကြားရေး အထောက်အကူပြုနေမှုများ၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု လုပ်ငန်းခွင်သင်တန်း ဆောင်ရွက်နိုင်ရေးနှင့် စံပြနို့စားနွားမွေးမြူရေးခြံနှင့် နို့ပြုပြင်ထုတ်လုပ်ရေး စက်ရုံ တည်ထောင်ရေး စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ အစ္စရေးနိုင်ငံ စိုက်ပျိုးရေးကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံနိုင်မည့် အလားအလာများနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)