နေပြည်တော်   ဒီဇင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာလုသွီဇွန်းနှင့် ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

dswf

 

တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ သီးနှံများစိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်ဆိုင်ရာ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု၊ ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မွေးမြူရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ရေးနှင့် ၂၀၂၀ ခုနှစ်မှစ၍ နှစ်ဖက်အလှည့်ကျ အစည်းအဝေးများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည်နှင့်အညီ ဒေသတွင်းအဖွဲ့ဝင် နိုင်ငံများ အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍနှင့် ကျေးလက်ကဏ္ဍများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မျိုးသစ်မွေးမြူခြင်းနှင့် သုတေသန လုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို တိုးချဲ့ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်