နေပြည်တော် ၂၀ သြဂုတ်


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့မွန်းလွဲ ၃ နာရီတွင် ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr.Toshio Nishimura နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ ဂျပန်နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးသွင်းအားစု မြေသြဇာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရေး ကောင်းမွန်တိုးတက်စေသည့် မဟာဗျူဟာများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်နေမှု ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်